ရန်ကုန် ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး သည် ယမန်နေ့ညပိုင်းက လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်နှင့် ဒဂုံမြို့နယ်တို့ကို ဖြတ်သန်းသည့် ရွှေတိဂုံဘုရားလမ်း ( ဦးထောင်ဘိုလမ်းမှ ကမ်းနားလမ်းအထိ) ကတ္တရာကွန်ကရိ(AC) ထပ်ပိုးလွှာ ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လူသွားစင်္ကြံအထိ လမ်းသားအပြည့် တိုးချဲ့ခင်း ကျင်းပေးရန်နှင့် လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြိုနယ်၊ ဦးဝိစာရလမ်း (ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့်ပြည်သူ့ရင်ပြင်ပန်းခြံအကြား မြေအောက်လမ်းကူးလူသွားဥမင် (Underpass) တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်၍ တာဝန်ရှိသူများက တည်ဆောက်ရေးစီမံကိန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြရာ မြိုတော်ဝန်က လုပ်ငန်းခွင်ဧရိယာအတွင်း ယာဉ်များ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရန် သတိပေး အမှတ်အသားများအား ထင်သာမြင်သာရှိစေရေး ဆောင်ရွက်ထားရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံအကြား မြေအောက်လမ်းကူး လူသွားဥမင်(Underpass)တည်ဆောက်ရခြင်းမှာ ရွှေတိဂုံစေတီ တော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများသွား လာရာတွင်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့်သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ရန်နှင့် ခေတ်မီအခြေခံ အဆောက်အအုံ တစ်ခုထပ်မံပေါ်ပေါက်လာစေရန်ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ် ကြောင်း နှင့်ဥမင်လူသွား လမ်းအကျယ် ၂၃ ပေ၊ အလျား ၄၆၁ ပေ ၉ လက်မ၊ ဝင်ထွက် ပေါက် ၄ ခု၊ ရွေ့လျားစက်လှေကား ၄ စင်း၊ မသန်စွမ်းသူများ အသုံးပြုရန် ဓါတ်လှေကား ၁၀ ယောက်စီး ၂ စင်း ပါဝင်မည်ဖြစ်ပြီး စီမံကိန်းကာလမှာ ၁၄ လခန့် ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်