ရန်ကုန် မတ် ၁၂

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်း ပွဲတော်ဆွမ်း ဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင်အဆိုပါ စေတီတော်ရင်ပြင် ဗုဒ္ဓဟူးထောင့် ဗဟိုမဏ္ဍပ်ရှေ့၌ ကျင်းပသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၌ ဗုဒ္ဓမြတ်စွာဘုရား အမှူးပြုသည့် ရွှေတိဂုံစေတီ တော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စေတိ ယင်္ဂဏသြဝါဒါစရိယ ဆရာတော်ကြီးများ၊ ပင့်သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များက စေတီတော်တစ်ပတ် လှည်လည့်ပူဇော်ခံရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ရုံးဌာနများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ၊ စေတနာရှင်ဘုရားဖူးပြည်သူများ ကသံဃဒါနဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။

ယနေ့ ရွှေတိဂုံစေတီတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စေတိယင်္ဂဏသြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော် ၁၂၁ ပါး၊ သာသနာ့နွယ်ဝင် သီလရှင် ၂၇ ပါး စုစုပေါင်း ၁၄၈ ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်