နေပြည်တော် ၅ နိုဝင်ဘာ

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က စီစဉ်ကျင်းပသော ရွှေတိဂုံစေတီတော်ကြီး၏ ၅၇၅ ကြိမ်မြောက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီရင်ပြင်တော် တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် အလှူရှင်များက အလှူငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိနှင့် ဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တပဝရာဘိဝံသထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ရေစက်ချအနုမောဒနာ တရားကို နာယူကြသည်။ 

ယနေ့ကျင်းပသည့် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲတွင် ရွှေသင်္ကန်းတော်(ရွှေပြား) အလှူရှင် ၁၀၃ ဦးက ရွှေပြား ၁၁၁ ချပ်၊ ရင်ပြင်တော်အခင်း ကျောက်ပြားအလှူရှင် ၁၉၃ ဦးက ကျောက်ပြား ၅၉၈၉ ချပ် လှူဒါန်းခဲ့ကြပြီး ငွေသားအလှူရှင် ၄၂ ဦး အပါအဝင် လှူဒါန်းငွေ စုစုပေါင်းငွေကျပ် ၈၅၀၇၇၀၂၀၅ ကျပ် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

 

DSC_0058

 

DSC_0056