ရန်ကုန် မတ် ၇

ရွှေတိဂုံစေတီတော် မြတ်ကြီးသို့စေတနာ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသည့် ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များကို ရွှေတိဂုံစေတီတော်ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့က(၅၇၉)ကြိမ်မြာက်ထုတိအနုမောဒနာ ချီးကျူးဂုဏ် ပြူမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်၊၊

ရှေးဦးစွာအခမ်းအနားကို “နမောတသ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများကိုပေး အပ်လှူဒါန်းကြရာ ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးသိန်းထွဋ်မောင်နှင့် ဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြူမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်၊၊

ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ ၊ ရွှေတိဂုံစေတီတော် ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဏိတ၊ ဘဒ္ဒန္တတိ လောကာဘိဝံသထံမှ အခမ်းအနားသို့ တက်ရောက်လာ ကြသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး  ရေစက်ချအနုမောဒနာ တရားနာယူကာ အခမ်းအနားကိုရုပ် သိမ်းလိုက်သည်၊၊

ယနေ့ကျင်းပသည့် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲတွင်  ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် ၂၀ က ရွှေပြားအချပ် ၂၀ လှူဒါန်းခဲ့ကြပြီး ငွေသားအလှူရှင် ၅၄ ဦး အပါဝင် လှူဒါန်းငွေစုစုပေါင်းငွေကျပ် ၁၇၁၀, ၄၀၁, ၄၈၀၁ လှူဒါန်းခဲ့ကြကြောင်း သိရသည်၊၊

သတင်းစဉ်