ကျောက်ကြီး ၁၃ သြဂုတ်
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ ညနေ ၄ နာရီက ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် လမ်းတံတားအား ပြန်လည်ပြုပြင်နေမှုကို မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားသည် ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာနှင့် ရေလဲကျေးရွာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရေတွင်းကုန်းတံတားဖြစ်ပြီး သြဂုတ် ၈ ရက်က မိုးရွာသွန်းမှုကြောင့် ရေတိုက်စားကာ တံတား၏ အောက်ခံ ကမ်းကပ်ခုံတစ်ဖက် ပြိုကျခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရန် ရေတွင်းကုန်းတံအား ပြုပြင်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)


