ကော့ကရိတ် ဇူလိုင် ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဇူလိုင်၂၇ရက်က မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေတိုက်စားမှုကြောင့် ပြိုကျသွားသည့် ရန်ကုတ်နောင်နိုင်းကျေးရွာ ကိုယ်ထူကိုယ်ထတံတားချဉ်းကပ်လမ်း မြေသားအောက်ခံနှင့် ကတ္တရာ လမ်းသားပျက်စီးမှုကို ယနေ့နံနက်ပိုင်းမှစ၍ ကျေးရွာသူကျေးရွာသားများက ပြန်လည်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေတိုက်စားမှုကြောင့် ပျက်စီးပြိုကျသွားသည့် ရန်ကုတ်နောင်နိုင်းကျေးရွာ ကိုယ်ထူကိုယ်တံတား ချဉ်းကပ်လမ်းမြေသားအောက်ခံနှင့်ကတ္တရာလမ်းသားပျက်စီးမှု အခြေအနေကို သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ကွင်းဆင်း စစ်ဆေး ကြည့်ရှုခဲ့ကြပြီး ရန်ကုန်ကျေးရွာဘုန်းကြီးကျောင်း ဦးဇင်းဦးခန္တီး ဦးဆောင်သော ကျေးရွာသူ ကျေးရွာသားများက အမြန်ဆုံးသွားလာနိုင်ရေးအတွက် ပြန်လည်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)