မတ္တရာ ၁၂ ဇူလိုင်

 

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ဆည်တော်ကြီးရေလှောင်တမံမှ ရေပေးဝေလျက်ရှိသည့် မန္တလေးတူးမြောင်းမကြီးမှာ ဝသုန္ဒရကျေးရွာအနီးတွင် RD 91+000 ဇူလိုင်  ၉ ရက်နေ့က ထူးပေါက် ရေတိုက်စားရာ မြောင်းပေါင်ကျိုးပြတ်မှု ဖြစ်ပွားခဲ့သဖြင့် ပြန်လည်ပြုပြင်ခဲ့ရာ ဇူလိုင် ၁၁ ရက်နေ့က ပြီးစီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မန္တလေးတူးမြောင်းမကြီး ကျိုးပြတ်နေသည့်နေရာအား  ပုသိမ်ကြီးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တပ်မတော်သားများမှ အချိန်နှင့်တစ်ပြေးညီ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပြီးစီးခဲ့၍ မန္တလေးတူးမြောင်းမကြီးအတွင်းသို့ စိုက်ပျိုးရေများကို ပြန်လည်ပေးဝေနေပြီ ဖြစ်ကြောင်းသိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)