ကြို့ပင်ကောက်  ၁၇  ဇန်နဝါရီ 


ရခိုင်ပြည်နယ်မှဒေသခံပြည်သူတို့၏ လုံခြုံရေးနှင့် နယ်စပ်လုံခြုံရေး တာဝန်များကို ထမ်းဆောင်ပြီး ပြန်လာသော ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အမှတ်(၃) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ (ရွှေမြယာ)မှ စစ်ကြောင်းမှူး ယာယီ ဒုတိယရဲမှူးကြီးကျော်ဝင်းအောင် ဦးဆောင်သော တပ်ဖွဲ့ဝင်များအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ကြို့ပင်ကောက်မြို့နယ် ရန်ကုန်-ပြည် ကားလမ်း  ဣန္ဒရာမ ဘုန်းတော်ကြီးကျောင်းရှေ့တွင် ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။


ဂုဏ်ပြုကြိုဆိုပွဲတွင် မြို့နယ်စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌ ဦးအုန်းရွှေ ဦးဆောင်သောအဖွဲ့၊ ပြည်ခိုင် ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးဝင်မြင့်စိုးဦးဆောင်သော ပါတီဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ရဲလင်းအောင်ဦးဆောင်သော(သန္ဓေ)အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြရာ ဣန္ဒရာမဘုန်းတော်ကြီးကျောင်းတွင် နေ့လယ်စာသုံးဆောင်ပြီး နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် မှော်ဘီမြို့နယ် သို့ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။


ဇေယျာထွန်း(ကြို့ပင်ကောက်)

 

mdn