ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) (၂) (၃) (၄) ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ လှူဒါန်းရန် ပြင်ဆင်ဆောင်ရွက်

နေပြည်တော်  ဩဂုတ်  ၂၃

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရဲရဲဝံ့ဝံ့ သက်စွန့်ဆံဖျား စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်ပြည်သူများ၊ ဝန်ကြီးဌာနအလိုက် ဝန်ထမ်း မိသားစုများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက အလှူငွေများနှင့် စားသောက်ဖွယ် ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

 

အမဲသားဘူး၊  ကြက်သားအာလူးဘူး၊ ငါးသလောက်ဘူး၊ ငါးတန်အချိုပေါင်းဘူးများ ပြင်ဆင်ထုပ်ပိုး နေမှုကို ကြည့်ရှုအားပေး ထိုသို့ပေးပို့လှူဒါန်းနိုင်ရေးအတွက် ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးနှင့်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) (၂) (၃) (၄)  ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စိတ်အား ထက်သန်စွာ စာနာမှု၊ စေတနာ၊  မေတ္တာအပြည့်ဖြင့်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး    ဝန်ကြီးဌာနရုံးတွင် ရွှေဖီဦး(တီးမစ်)၊  ရွှေဖီဦး(လီမွန်တီး)၊ နန်းမြိုင်  (ကော်ဖီမစ်)၊     အမဲသားဘူး၊ ပလာတူးငါးဘူး၊   ကြက်သားအာလူးဘူး၊   ငါးသလောက်ဘူး၊   ငါးတန်အချိုပေါင်းဘူး၊ ငါးနီတူခြောက်ဘူး၊    Dagon Rum  Red  Ruby နှင့်  Premium   Gold    စသည့် စားသောက် ဖွယ်ရာများ ပြင်ဆင်ထုပ်ပိုးနေမှုများကို ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးကိုကိုလှိုင်နှင့် ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ဦးထင်ကျော်သူနှင့်   ဌာနအကြီးအကဲများက လိုက်လံကြည့်ရှုအားပေးကြသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးနှင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန  (၁) (၂) (၃)(၄) ဝန်ထမ်းမိသားစုများက လှူဒါန်းသည့် ငွေကျပ် ၈၄၅၀၀၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက်  ဆက်လက်ပို့ဆောင်ပေးနိုင်ရေး နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့  သွားရောက် လှူဒါန်းမည် ဖြစ်သည်။

သတင်းစဉ်