ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက် ဇဋိလသင်္ကန်းတိုက်တွင် မီးပလပ်ခုံအပူလွန်ကဲ၍ မီးလောင်

ရွှေဘို ၂၇ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက် ဇဋိလသင်္ကန်းတိုက်တွင် ယနေ့နံနက် ၃ နာရီခွဲခန့်က မီးပလပ်ခုံ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့်ထံမှ သိရသည်။

 

အဆိုပါမီးလောင်ရာသို့ ရေဦးမြို့နယ် မီးသတ်ဦးစီးမှူး ဒုမီးသတ်ဦးစီးမှူး ဦးရန်ပိုင်ဖြိုး ဦးဆောင်သော မီးငြိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ် (၂)စီး၊ ဒီပဲယင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းလင်းအောင် ဦးဆောင်သော မီးငြိမ်းသတ်ယာဉ်(၁) စီး၊ ရေသယ်ယာဉ် (၁)စီး၊ စည်ပင်ရေသယ်ယာဉ် (၁)စီး စုစုပေါင်းမီးငြိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ် (၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦးရဲတပ်ဖွဲ့ဝင် (၁၄)ဦး၊ ရပ်ကွက်နေပြည်သူ (၁၀ဝ)ဦး စုစုပေါင်း (၁၆၇)ဦးမှ ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် မီးထိန်းနိုင်၍ နံနက် ၄ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆသူ ဒေါ်ထွေးထွေးချစ် (သက်)၆၅နှစ်အား ရေဦးမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ထွန်းမြင့်အောင် (ရွှေဘို)

 

IMG-f57