ရေဦး ၂၆ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှု မရှိစေရေးအတွက် ရေဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။
ရေဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးရန်ပိုင်ဖြိုးနှင့် ဆေးဖျန်းအဖွဲ့ ခေါင်းဆောင် ဦးညွှန့်မှူးအောင် ခေါင်းဆောင်သော မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးတို့သည် ယမန်နေ့ညက ရေဦးမြို့နယ် ကုတင် (၁၀ဝ) ဆေးရုံသို့ သွားရောက်ပြီး ရေဦးမြို့နယ် ကွမ်းအုံကျေးရွာမှ စောင့်ကြည့်လူနာအား သယ်ဆောင်လာသည့် လူမှုကူညီရေးအသင်း မော်တော်ယာဉ်ကို ပိုးသတ်ဆေးဖျန်းခြင်း၊ စောင့်ကြည့်လူနာ ဓာတ်မှန်ရိုက်ခဲ့သည့် ဓာတ်မှန်ခန်းနှင့် စောင့်ကြည့်လူနာထားရှိသည့်ဆေးရုံကြီးရှိ အသွားအလာ ကန့်သတ်ထားရှိရာ အဆောင်သို့သွားရာ ကွန်ကရစ်လမ်းများ၊ နံရံများအား ပိုးသတ်ဆေးဖျန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးသောက် (ရွှေဘို)


