ရေဦး၊ ၁၁ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ရှော်ဖြူကျေးရွာ၌  ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ ဦးမိုးသောင်း၏ နေအိမ်ဘုရားစင်တွင် ဆိုလာမီးဖြင့် ဘုရားမီးပူဇော်ထားရာမှ ဝါယာကြိုးများ အပူလွန်ကဲ၍ အနီးရှိ ထရံသို့ မီးကူးစက် လောင်ကျွမ်းခြင်းဖြစ်ကြောင်းနှင့် မီးလောင်မှုကြောင့် မိုးထားသောထန်းလက် အရွက် ၁၀၀ နှင့် ထရံ တစ်ချပ် မီးလောင်ဆုံးရှုံးခဲ့ပြီး အခြားထိခိုက်မှုများ မရှိကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ တင်းတိမ်ရံနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။

 

သန်းထိုက်(ရေဦး)