ရေဦး ၁၃ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းများ ကောက်ယူခြင်းကို ဇန်နဝါရီ ပထမပတ်မှစ၍ ကျေးရွာအုပ်စု(၈)အုပ်စု ကောက်ကွက်(၈)ခု သတ်မှတ်ကာ မြေပြင်ကွင်းဆင်း ကောက်ယူလျက်ရှိသည်။
ကြားဖြတ်သန်းခေါင်စာရင်းများကို လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး ၀န်ထမ်းများနှင့် စာရင်းစစ် စာရင်းကောက်အဖွဲ့တို့က သတ်မှတ်မေးခွန်းများ စနစ်တကျမေးမြန်း၍ ဖြေကြားချက်များ Mobile Tablet ဖြည့်သွင်းခြင်း ဆောင်ရွက်ကြသည်။
ထိုသို့ ကြားဖြတ်စာရင်းကောက်ယူရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ မြို့နယ်ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းခိုင်၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးဇော်မင်းဦးတို့က နိုင်ငံတော်တွက်လိုအပ်သည့် မေးမြန်းချက်များဖြစ်သည့်နှင့်အညီ မထပ်မကျန်စေရေး ဂရုပြုဆောင်ရွက်ကြရန်နှင့် အိမ်ရှင်များဘက်မှလည်း မေးခွန်းများကို မှန်ကန်စွာ ဖြေကြာပေးစေလိုကြောင်း၊ သို့မှသာ နိုင်ငံတော်အကျိုးပြု လုပ်ငန်းစဉ်ကို ဝိုင်း၀န်းကူညီရာရောက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထိုသို့ဆောင်ရွက်ရခြင်းမှာ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သော သန်းခေါင်စာရင်း အချက်အလက်များအပေါ် နှိုင်းယှဉ်လေ့လာ သုတေသနပြုနိုင်ရန်အတွက် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်းဖြစ်ကြောင်း၊ သတ်မှတ်အုပ်စုများဖြစ်သည့် အောင်ချမ်းသာရပ်ကွက်၊ ပလူဇ၀ရွာငယ်၊ ထန်းတော၊ ကံပေါက်၊ သံသည်၊ ဇီးကန်၊ ဇေယျ၀တီကျေးရွာ အုပ်စုများကို ဇန်နဝါရီဒုတိယအပတ် နောက်ဆုံးထားကာ အပြီးသတ်ကောက်ယူသွားမည်ဖြစ်ကြောင်း လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးဇော်မင်းဦး၏ ပြောကြားချက်အရ သိရသည်။
သန်းသန်း(ရေဦး)