ရေဦး ၁၀ မတ်
ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် အခြေခံပညာမူလတန်း အလယ်တန်းအဆင့် အခမဲ့အခြေခံပန်းချီနှင့် အင်္ဂလိပ်စကားပြော သင်တန်းကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် ပန်းချီဆရာ ဦးမြတ်မင်းမောင်၊ ဆရာမ ဒေါ်သဉ္ဇာမင်းမော် (အင်္ဂလိပ်စကားပြောသင်တန်း)တို့က သင်ကြားပေး မည်ဖြစ်ပြီး အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား ၂၅ ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား ၂၅ ဦး စုစုပေါင်း သင်တန်းသား ၅၀ ဦး တက်ရောက်လျက်ရှိသည်။
အဆိုပါ သင်တန်းကို ရက်သတ္တပတ် လေးပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်း (ရေဦး)
