ရေဦး  ၁၇  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ဖန်ခါးစဉ်ကျေးရွာတွင် လယ်ယာမြေဧက (၁၀ဝ၀)ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား(၂)စင်းကို ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက် ရှိကြောင် ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ကုန်ထုတ်လမ်း အရှည် ၉၇၁၅ ပေ မြေသား ၂ ပေထုတင်၍ ဂျင်း ၉ လက်မထု ခင်းခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်ရှိ ကွန်ကရစ်တံတား ၂ စင်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ဆောင်ရွက်လျက် ရှိသည်။

 

460

 

အဆိုပါ ကုန်ထုတ်လမ်းပြီးစီးပါက ဒေသခံတောင်သူများအနေဖြင့် နွေ၊ မိုး စပါးနှင့် ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်ရာတွင် လယ်ယာထုတ်ကုန် သီးနှံများကို ဈေးကွက်သို့ အချိန်မီ တင်ပို့နိုင်သည့်အတွက် သီးနှံလေလွင့်မှုများ၊ သယ်ယူစရိတ်များ သက်သာကာ လုပ်ငန်းများ ပိုမိုအဆင်ပေမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းဦးက ပြောသည်။

 

ထွန်းမြင့်အောင်(ရွှေဘို)