ရေဦး ၂၆ ဖေဖော်ဝါရီ
ရေဦးမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းမင်းထွန်း၊ အငယ်တန်းအင်ဂျင်နီယာ ဦးဖိုးထောင်နှင့် ဝန်ထမ်းများသည် ဖေဖော်ဝါရီ ၂၆ ရက်နံနက်ပိုင်းက လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက် နေကြောင်း သိရသည်။
ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအဖြစ် မြို့ပေါ်ငါးရပ်ကွက်မှ ဆွေးမြည့်သစ်သားမီးတိုင်များအသစ် လဲလှယ်စိုက်ထူခြင်း၊ မုံရွာ -ရေဦး - တန့်ဆည် ကားလမ်းများတွင် စိုက်ထူထားသည့် လမ်းဧရိယာနှင့် မလွတ်ကင်းသော ကွန်ကရစ်မီးတိုင်များ နေရာလွှဲပြောင်းစိုက်ထူခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်/သစ်ကိုင်းများ ဖြတ်တောက်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိသည်။
ထိုသို့ လျှပ်စစ်ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေစဉ် လျှပ်စစ်ဓာတ်အား လိုင်းများ နာရီပိုင်းဖြတ်တောက်ထားကြောင်း သိရသည်။
သန်းသန်း (ရေဦး)


