ရေဦး ၁၈ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် ဧပြီ ၁၇ ရက်နေ့လယ်ပိုင်းက မိုးသက် လေပြင်းနှင့်အတူ မိုးသီးများ ကျရောက်ခဲ့ပြီး လူနေအိမ်အဆောက်အဦ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
မိုးသက်လေပြင်း ကျရောက်ခဲ့မှုကြောင့် ကျေးရွာနှစ်ရွာရှိ လူနေအိမ် ၂၃ လုံးတွင် သွပ်မိုးများ ပေါက်ထွက်ပျက်စီးခြင်း၊ အခြားကျေးရွာနှစ်ရွာတွင်လည်း လူနေအိမ်နှစ်လုံး သွပ်မိုးလန်ထွက်၊ သစ်သားငါးချောင်း ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။
သဘာ၀ဘေးဒဏ်ခံခဲ့ရသော အိမ်ထောင်စု (၂၁) စုတို့အား မြို့နယ် သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သန်းထိုက် (ရေဦး)