ရေဦး    ဩဂုတ်

သဘာဝရေပြင်ပတ်ဝန်းကျင်တွင် ငါးရှဉ့်မျိုးစိတ်များရှားပါးလာသဖြင့် မျိုးသုဉ်းမှုမှ ကာကွယ် ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသည် နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် ငါးရှဉ့်မျိုးစိတ် သယံဇာတတိုးပွား စေ ရေးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ရေဦးမြို့နယ်၊ မူးမြစ်အတွင်း ယမန်နေ့ နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ငါးရှဉ့်မျိုးစိတ်များအား စင်တီမီတာအောက် ငါးရှဉ့်များကို ဝယ်ယူစုဆောင်းသည့် (ငါးရှဉ့်)ဒိုင်များမှ ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် တားမြစ်ပညာပေးနိုင်ခဲ့သည့် အတွက် ဝယ်/စု (ငါးရှဉ့်)ဒိုင်များ လှူဒါန်းသည့် (5cm)အောက် အရွယ် ငါးရှဉ့်ငယ် ပိဿာချိန် (၁၀၀) အား မျိုးစိုက်ထည့်ခဲ့ရာ အဆိုပါ ငါးရှဉ့်မျိုးစိတ်များ မျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူးဦးအောင်သန်းဦး၊ ရေဦးမြို့နယ် စီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးခင်မောင်မြင့်နှင့်ဇနီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝယ်/စု(ငါးရှဉ့်)ဒိုင်များမှ လုပ်ငန်းရှင်များနှင့် ရေဦးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီး ဌာနမှူး ဦးမြင့်နိုင်နှင့် ဝန်ထမ်းများမှ တက်ရောက် မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

(MDN)