မိတ္ထီလာ ၂၅   ဇွန်


မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  အပူပိုင်းဒေသရှိ ကျေးရွာများ မြေအောက် ရေသုံးစွဲမှု လျော့ချနိုင်ရေး ကျေးရွာများလိုအပ်ချက်အရ တူးဖော်ထားရှိသည့် မိုးရေစုဆောင်းသော ရေကန်ငယ်များ ရေရှည်အသုံးပြုနိုင်စေရန်  ရေဝေရေလဲဒေသများတွင် သစ်ပင်စိုက်ပျိုးနိုင်စေရန် ဇွန်လ ၂၄ ရက်နေ့ နံနက်က ကျေးရွာနှစ်ရွာရှိ ရေကန်ငယ်များသို့ ကွင်းဆင်း တိုင်းတာခဲ့ကြောင်း သိရသည်။


ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အပူပိုင်းဒေသတွင် ဆောင်ရွက်နေသော စိမ်းလန်းစိုပြေရေး လုပ်ငန်းများကို ပြည်သူများမှ အသိစိတ်ဓါတ်ရှိရှိဖြင့် ပူးပေါင်းပါဝင်စေရန် ရည်ရွယ်၍ အပူပိုင်းဒေသရှိ ကျေးရွာများ မြေအောက်ရေသုံးစွဲမှု လျော့ချနိုင်ရေး ကျေးရွာများ လိုအပ်ချက်ဖြစ်သော မိုးရေစုဆောင်းသော ရေကန်ငယ်များ တူးဖော်တည်ဆောက်ပေးလျှက်ရှိရာ အဆိုပါ ရေကန်ငယ်များ ရေရှည်အသုံးနိုင်စေရန် မိုးရေစုဆောင်းသော ရေကန်ငယ်များသို့ နှုန်းများ ဝင်ရောက်မှုနည်းစေရေးတို့အတွက် ရေကန်ငယ်များ၏ အထက်ဘက် ရေဝေရေလဲ ဒေသများတွင် မိုးရာသီးကာလအတွင်း သစ်ပင်များ၊ Veitiver မြက်များ စိုက်ပျိုးခြင်းတို့ကို အပူပိုင်းစိမ်းလန်းစိုပြေရေး ဦးစီးဌာနနှင့် ပူးပေါင်းစိုက်ပျိုးနိုင်ရေး  အလည်ရွာကျေးရွာအုပ်စု ပေါက်ပင်အိုင်ကျေးရွာနှင့် ရေချိုကျေးရွာအုပ်စု လေးတိုင်စင်ကျေးရွာများရှိ မိုးရေစုဆောင်ရေကန်များသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးဇော်မြင့်နှင့် ဝန်ထမ်းများ၊ အပူပိုင်းစိမ်းလန်း စိုပြေရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းတို့က သစ်ပင်များ စိုက်ပျိုးနိုင်စေရန် ကွင်းဆင်းကြည့်ရှုတိုင်းတာခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)