ကော့မှူး ၂၁ ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် လာဝတီကျေးရွာရှိ ရွှေဝါနှံမျိုးစေ့ထုတ်လုပ်ရေး သမဝါယမအသင်း၏ အသင်းသားပိုင်လယ်ဧက(၉၂)ဧကပေါ်တွင် သီးထပ်ရင်မျိုးသန့်စပါးများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ မျိုးစပါးတင်းပေါင်း (၅၂၅၀)တင်း ထွက်ရှိခဲ့ပါသည်။ ရွှေဝါနှံမျိုးစေ့ ထုတ်လုပ်ရေးသမဝါယမအသင်းအနေဖြင့် အသင်းသားပိုင်လယ်ဧကများမှ ထွက်ရှိသော မျိုးကောင်း မျိုးသန့်စပါးများအား တစ်တင်းလျှင် ငွေကျပ် (၆၅၀၀)နှုန်းဖြင့် တောင်သူလယ်သမားများထံသို့ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိကြောင်း သမဝါယမ ဦးစီးဌာနမှ သိရှိရသည်။

MDN