ရှီကျင့်ဖျင်နှင့် ကင်ဂျုံအန်တို့၏ ယခင် ထိပ်သီးဆွေးနွေးပွဲများ

၂၀ ဇွန်

 

၂၀၁၈ခုနှစ် မတ်လနောက်ပိုင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့သည် လေးကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

 

အခြားနိုင်ငံခေါင်ဆောင်များထက် ကင် သည် ရှီကျင့်ဖျင်နှင့် ပိုမိုတွေ့ဆုံမှုများပြုလုပ်ခဲ့သည်။ ထိပ်သီးဆွေးနွေးပွဲ လေးကြိမ်ပြုလုပ်ရန် ကင် သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

 

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ဘေကျင်းတွင် ၄င်းတို့၏ ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ ကင် သည် ၂၀၁၂ခုနှစ် ဧပြီလအတွင်းက မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်လာပြီးနောက်ပိုင်း ပြည်ပသို့ သွားရောက်သည့် ပထမဆုံး ထိပ်သီးဆွေးနွေးပွဲဖြစ်ခဲ့သည်။ 

 

ပြီးခဲ့သည့်နှစ် မေလနှင့် ဇွန်လအတွင်းကလည်း ကင် သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သေးသည်။ ကင်သည် ရှီကျင့်ဖျင်နှင့် တတိယအကြိမ် ဆွေးနွေးပွဲကို ဇွန်လ ၁၂ရက်နေ့ မတိုင်မီ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မတွေ့ဆုံမီ ကျင်းပခဲ့ခြင်းဖြစ်သည်။ 


 
ဖေဖော်ဝါရီအတွင်းက ကျင်းပခဲ့သည့် ဒုတိယအကြိမ် အမေရိကန်နှင့် မြောက်ကိုရီးယား  ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရန် ယခုနှစ် ဇွန်လအတွင်းကလည်း ကင် နှင့် ရှီကျင့်ဖျင်တို့သည် နောက်တစ်ကြိမ် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့သည်။

 

နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားနိုင်ငံသို့ လာရောက်လည်ပတ်ရန် ကင် က ရှီအား မေးမြန်းခဲ့သည်။ ကင် ၏ ဖိတ်ကြားချက်ကို ရှီ က လိုလိုလားလား လက်ခံခဲ့သည်ဟု သိရသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်