ရီးယဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာခဲ့ပါက မေဂျာလိဂ်သို့ ပြောင်းမည်ဟု ဂါရတ်ဘေးလ်ပြောကြား

mdn

မေ ၃

 

ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ လက်ရှိကလပ် ရီးယဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာခဲ့ပါက မေဂျာလိဂ်ကို ပြောင်းရွှေ့ ကစားဖို့ စဉ်းစားထားတယ် လို့ ပြောကြားခဲ့ပါတယ်။

 

တိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ နည်းပြ ဇီဒန်း လက်ထက်မှာ ပုံမှန်ပွဲထွက်ကစားခွင့် ပျောက်ဆုံးခဲ့တာကြောင့် အသက် ၃၀ အရွယ်ရှိ ဂါရတ်ဘေးလ်အနေနဲ့ ပြီးခဲ့တဲ့နှစ်က အသင်းကနေထွက်ခွာဖို့အထိ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က တရုတ်စူပါလိဂ် ကို ပြောင်းရွှေ့မယ့်အစီအစဉ်ဟာ ပျက်ခဲ့ရတာဖြစ်ပါတယ်။

 

၂၀၁၉ ခုနှစ် နိုဝင်ဘာလက ဝေးလ်အသင်းနဲ့ အဇာဘိုင်ဂျန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်မတိုင်မီက ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားရတာထက် မေဂျာလိဂ်မှာ ကစားရတာကို ပိုပြီးနှစ်သက် တယ်လို့ ဂါရတ်ဘေးလ်က ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

 

တိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ ၂၀၁၃ ခုနှစ်က စပါးအသင်းကနေ ရီးယဲလ်မက်ဒရစ်အသင်းသို့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ ဒသမ ၂ သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲဒီအချိန်က တစ်ပတ်လုပ်ခလစာ ပေါင် ၁၇၀ဝ၀ဝ ရရှိခဲ့တာဖြစ်ပါတယ်။

 

ဂါရတ်ဘေးလ်ဟာ အဲဒီအချိန်ကစပြီး လက်ရှိ အချိန်အထိ ရီးယဲလ်မက်ဒရစ်အတွက် ၁၆၉ ပွဲ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၈၀ အထိ သွင်းယူပေးထား ခဲ့တာဖြစ်ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ ဝေးလ်အသင်းအတွက်တော့ ဂါရတ်ဘေးလ်အနေနဲ့ ၈၃ ပွဲမှာ ၃၃ ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 

ငွေကြယ်