၂၈ ဖေဖော်ဝါရီ


စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာ အသင်းတို့ ကြာသပတေးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာအသင်းက ရီးယဲလ်မက်ဒရစ် အသင်းကို သုံးဂိုးပြတ်အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် တစ်ဂိုး လေးဂိုးဖြင့် ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ 


ပထမအကျော့တွင် ဘာစီလိုနာအသင်းမှာ အဝေးဂိုးပေး ထားခဲ့ရသည့်အတွက် ရီးယဲလ်မက်ဒရစ် အသင်းသည် အိမ်ကွင်းဘာနေဗျူးမှာ  အားသာချက်ပိုရှိခဲ့သလို ပထမပိုင်းတွင် ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေခဲ့သည်။ 


ဒုတိယပိုင်းတွင် ဘာစီလိုနာအသင်း ကစားပုံပိုမိုကောင်းမွန် လာခဲ့သလို ပွဲချိန် မိနစ် ၅၀ တွင် ဆွာရက်ဇ်က ဦးဆောင်ဂိုး စတင်သွင်းယူခဲ့သည်။ ပွဲချိန် ၆၉ မိနစ်တွင် ရီးယဲလ်မက်ဒရစ်ကစားသမား ဗာရာနေးက ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့သဖြင့် ဘာစီလိုနာအသင်း ဒုတိယဂိုး ထပ်မံရရှိခဲ့သည်။ ပွဲချိန် ၇၁ မိနစ်တွင် ဘာစီလိုနာအသင်း ပင်နယ်တီ ကန်သွင်းခွင့်ရရှိခဲ့ပြီး ဆွာရက်ဇ်ကပင် အမှားအယွင်းမရှိ ကန်သွင်းကာ ပွဲအပြီးမှာ ဘာစီလိုနာအသင်းက စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲအဆင့်ကို (၆)ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့သည်။


MDN