ရိခေါ်ဒါရ်၊ ၁၅ ဇန်နဝါရီ
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ပြည်ပနိုင်ငံမှ နေရပ်ပြန်လာသူ သုံးဦးနှင့် ပြည်တွင်းမှ နေရပ်ပြန်လာသူ နှစ်ဦးတို့အား အထကခွဲကျောင်း Facility Quarantine Centre ၌ စောင့်ကြည့်ထားရှိခဲ့ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်သည့်ကာလ ၁၄ ရက်ပြည့်မြောက်ပြီး မိမိတို့နေအိမ် အသီးသီးသို့ Home Quarantine (၇)ရက် ဆက်လက်စောင့်ကြည့်ထားရှိရန် ဇန်နဝါရီ ၁၄ ရက်က ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသူ ငါးဦးအနက် အမျိုးသား သုံးဦး တို့သည် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ရာမှ နေရပ်ပြန်လာသူများဖြစ်ပြီး ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ခွားကျေးရွာ၌ နေထိုင်သူများ ဖြစ်ကြောင်း၊ ပြည်တွင်းမှ ပြန်လာသူ အမျိုးသမီး နှစ်ဦးတို့သည် ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်၌ နေထိုင်သူများဖြစ်ပြီး ကလေးမြို့သို့ သွားရောက်ခဲ့ရာမှ နေရပ်ပြန်လာကြသူများ ဖြစ်ကြောင်း၊ အဆိုပါ နေရပ်ပြန်လာသူ ငါးဦးတို့အား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၀ ရက်က အထကခွဲ Facility Quarantine Centre ၌ အသွားအလာ ကန့်သတ်စောင့်ကြည့် ထားရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ စောင့်ကြည့်ကာလ ၁၄ ရက်ပြည့်မြောက်ကာ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက် မိမိတို့နေအိမ်အသီးသီးသို့ စေလွှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ နေအိမ်သို့စေလွှတ်ထားသူ ငါးဦးတို့အား ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့် တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန် ဒေါက်တာစန်းမာတို့က စောင့်ကြည့်ကာလ ပြည့်မြောက်ကြောင်း ထောက်ခံချက်များ ပေးအပ်ပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို မှာကြားပေးခဲ့ကြောင်း၊ ရိခေါ်ဒါရ်မြို့ Facility Quarantine Centre တွင် လက်ရှိအခြေအနေ၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိသူ ၁၁ ဦးနှင့် တိုက်နယ်ဆေးရုံ၌ Hospital Quarantine စောင့်ကြည့်ထားရှိသူ သုံးဦး၊ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသူပေါင်း ၁၄ ဦးရှိကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)


