ရိခေါ်ဒါရ်၊ ၁၂ ဇွန်
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ဇွန် ၁၂ ရက် နံနက် ၇ နာရီခန့်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေသော အသက်(၈၁)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးအား ဇွန် ၉ ရက်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးသည် ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ဇွန် ၁၂ ရက် နံနက် ၇ နာရီခန့်တွင် ကွယ်လွန်သွားခဲ့ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ရိခေါ်ဒါရ်(ပြန်/ဆက်)


