ရိခေါ်ဒါရ် ၊ ၁၀ ဇွန်
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စတုတ္ထနေ့မြောက် စစ်ဆေးမှုကို ဇွန် ၁၀ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၃၀ ဦးထပ်မံတွေ့ ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးခြင် စတုတ္ထနေ့မြောက် စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူ ရပ်ကွက်နေပြည်သူ (၁၁၉)ဦးအနက် ရိခေါ်ဒါရ်မြို့၊ အမှတ်(၁) ရပ်ကွက်နေ ပြည်သူ (၁၉)ဦး၊ အမှတ်(၂)ရပ်ကွက်နေ ပြည်သူ (၁၀၀)ဦးတို့အား စစ်ဆေးဆောင်ရွက် ခဲ့ခြင်းဖြစ်ရာ ၎င်းတို့အနက် (၃၀)ဦးတို့ထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါရောဂါပိုးတွေ့ရှိသူ (၃၀)ဦးအား မိမိတို့နေအိမ်အသီးသီး၌ အသွားအလာကန့်သတ် စောင့်ကြည့်ကာ ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေ ကောင်းမွန် လျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ စစ်ဆေးခြင်းကို ဇွန် ၇ ရက်မှ ၁၀ ရက်နေ့အထိ (လေးရက်အတွင်း) စစ်ဆေးမှုအရ ရောဂါစစ်ဆေးမှုခံယူသူ (၂၈၅)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၆၁)ဦးရှိပြီး မြို့ပေါ်ရပ်ကွက် (၂)ခုအတွင်း ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေအား ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(ရိခေါ်ဒါရ် ပြန်/ဆက်)


