ရိခေါ်ဒါရ် ၂၄ မတ်
သက်တမ်းလွန် အစားအသောက်နှင့် ဆေးဝါးများ ရောင်းချခြင်း ရှိ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၂၃ ရက်က ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ပေါ်ရှိ အစားအသောက်နှင့် ဆေးဝါးအရောင်းဆိုင်များတွင် စစ်ဆေးခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရိခေါ်ဒါရ် မြို့ပေါ်ရပ်ကွက်များရှိ ဖွင့်လှစ်ထားသော ဆေးဆိုင်များတွင် ဆေးဝါးရောင်းချခွင့်လိုင်စင် ရှိ မရှိ၊ တရားမဝင် ဆေးဝါးများ ရောင်းချခြင်း ရှိ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဆေးဝါးရောင်းချခြင်းဆိုင်ရာ အသိပညာပေးခြင်း၊ အစားအသောက်နှင့် ဆေးဝါကွပ်ကဲရေး ဦးစီးဌာနမှ ထုတ်ဝေသည့် “ဆေးရောင်းချသူများအတွက် ပညာပေး” လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဆေးရောင်းချသူများ လိုက်နာရမည့် အချက်များ၊ ပိုစတာများ ကပ်ပေးခြင်းကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို ရိခေါ်ဒါရ်မြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီမှ ပြည်သူများ အရည်အသွေးပြည့်ဝသော အစားအသောက်နှင့် ဆေးဝါးများ သုံးစွဲနိုင်ရေး ရည်ရွယ်ချက်ဖြင့် ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ တာဝန်ခံ ဒေါက်တာစန်းမာ၊ မြို့အဆင့် အစားအသောက်နှင့် ဆေးဝါးများ ကွပ်ကဲရေး ကော်မတီဝင်များ၊ မွေးမြူရေး၊ ကုသရေးဦးစီးဌာနနှင့် မြို့စည်ပင်သာယာရေး ကော်မတီဝင်များ ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
MDN


