ရိခေါ်ဒါရ် ၂၇ ဖေဖော်ဝါရီ    


ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ချင်းအမျိုးသားနေ့ ကျင်းပရေး ဦးစီးကော်မတီ၏ စီစဉ်မှုဖြင့် (၇၁) ကြိမ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၃ နာရီ တွင် ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်၊ ခန်းမဆောင်၌ ကျင်းပပသည်။

 

123


အဆိုပါ တေးဂီတဖျော်ဖြေ တင်ဆက်မှုတွင် တေးဂီတအဆိုတော်များ ဖြစ်ကြသည့် Billy, Sangkimi နှင့် Teawmi တို့မှ ဖျော်ဖြေတင်ဆက် ပေးခြင်းဖြစ်ပြီး ဒေသခံ ပြည်သူများအပြင် အနီးအနားရှိ ရပ်ကွက်/ကျေးရွာ ပြည်သူများမှလည်း လာရောက်အားပေးကြကြောင်း သိရသည်။


ရိခေါ်ဒါရ်မြို့တွင် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပရာတွင် တိုင်းရင်းသား ပြည်သူများ အချင်းချင်း ပိုမိုချစ်ကြည် ရင်းနှီးပြီး စည်းလုံးညီညွတ်မှုအား ပိုမိုကောင်းမွန်စေရေးနှင့် မျိုးချစ်စိတ်ဓာတ် ထက်မြက်ရှင်သန်စေရေး ရည်ရွယ်ချက်များဖြင့် ရိုးရာယဉ်ကျေးမှုအကများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် တေးဂီတ ဖျော်ဖြေပွဲများဖြင့် နှစ်စဉ် အစဉ်လာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း ရိခေါ်ဒါရ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN