ရိခေါ်ဒါရ်  ၅  ဒီဇင်ဘာ   

           

ရိခေါ်ဒါရ်မြို့တွင် ဂေါက်ကွင်းငယ် ဖော်ဆောင်နိုင်ရေးနှင့် မြို့တွင်းသန့်ရှင်းသာယာလှပရေး ကွင်းဆင်း ဆောင်ရွက်မှုများကို  ဒီဇင်ဘာ ၄ ရက်က  ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင် ၏ ဦးဆောင်မှု၊ နယ်မြေခံတပ်ရင်းမှူး၏ ပူးပေါင်းပါဝင်မှုဖြင့် ဌာနဆိုင်ရာများနှင့်အတူ ခဲ့ကြောင်း သိရသည်။

           

ဂေါက်ကွင်းငယ် ဖော်ဆောင်ရန်အတွက် ရိရေကန်ရေချိုးဆိပ်ဘေးရှိ တည်းခိုရိပ်သာအနီး မြေကွက်လပ် အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဂေါက်ကျင်း သုံးကျင်းခန့် ရှိနိုင်သည့် ဂေါက်ကွင်းငယ် ဖော်ဆောင်နိုင်မည် ဖြစ်၍ ၎င်းနေရာအား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

 

8

 

 “ကျွန်တော်တို့မြို့ကလေးဟာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မြို့ကလေးဖြစ်တဲ့အပြင် ချင်းပြည် နယ်ရဲ့ အမှတ်သင်္ကတေတစ်ခုနဲ့ အထင်ကရနေရာ ဒေသတစ်ခုဖြစ်တဲ့ ရိရေကန်ကြီး ရှိတာကြောင့် ပြည်တွင်း ပြည်ပက လေ့လာရေးနဲ့ အပန်းဖြေခရီး လာရောက်လည်ပတ် ရောက်ရှိမှုများပြားတဲ့ နေရာ တစ်ခုဖြစ်တယ်။အခုလို ဂေါက်ကွင်းငယ်လေး ဖော်ဆောင်ခြင်းကလည်း ဒေသဖွံ့ဖြိုးရေးနဲ့ ခရီးသွား လုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုသွားမှာ ဖြစ်ပါ တယ်။ ဒီဂေါက်ကွင်းငယ် ဖော်ဆောင်ရေးအတွက် လုပ်ငန်းဖြစ်မြောက်ရေး ကော်မတီနဲ့ ဆပ်ကော်မတီ အသီးသီးကိုလည်း ဖွဲ့စည်းထားပါတယ်။ ဂေါက်ကွင်း ငယ်ဖော်ဆောင်ဖို့အတွက် ဌာနဆိုင်ရာများနဲ့ ဒေသခံ ဂေါက်ရိုက်ဝါသနာရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ ရပ်ကွက်လူငယ်အဖွဲ့တို့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာဖြစ်တယ်။” ဟု မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ပြောသည်။

 

88

           

ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ရိရေကန် View Point (ရှုခင်းသာ) သို့ သွားရောက်ပြီး အများပြည်သူ သန့်စင်ခန်းနှင့် အမှိုက်ပုံးများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ View Point အုတ်ခုံ အကာသံတန်း ကာရံဆောင်ရွက်ထားရှိမှုနှင့် ပြုတ်ကျပျက်စီးသွားသော သံတန်းတစ်ချို့ အမြန်ဆုံး ပြုပြင်နိုင်ရေးနှင့် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး လုပ်ငန်း လိုအပ်ချက်များ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ပက်ကာ (ရိရေကန်)