ရိခေါ်ဒါရ်   ၂၅  မတ်  

 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ရပ်ကွက်ပြည်သူများ ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် အလွယ်တကူ လက်ဆေးကြောနိုင်ရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနှင့် အခြားဌာနဆိုင်ရာရုံးများ၊  ရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွများ၊ အထင်ကရ နေရာများတွင် မတ် ၂၄ ရက်က အများသုံးလက်ဆေးကန်များနှင့် လက်ဆေးကြောခြင်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ တပ်ဆင်ထားရှိပေးခဲ့ကြောင်း သိရသည်။

 

2756

 

ဌာနဆိုင်ရာရုံးများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရုံးသို့လာရောက်လည်ပတ်သူ အများပြည်သူများ အလွယ်တကူ လက်ဆေးကြောနိုင်ရန် ဌာနဆိုင်ရာအလိုက် မိမိအစီအစဉ်ဖြင့် လက်ဆေးကြောနိုင်ရေးကို စီစဉ်ထားရှိခြင်းဖြစ်ပြီး၊ ရပ်ကွက်လမ်းဆုံလမ်းခွနှင့် အထင်ကရနေရာများရှိ အများပြည်သူသုံး လက်ဆေးကန်များကို မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးမိုးလင်းအောင်၏ ဦးဆောင်မှုဖြင့် မြို့စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း၊ အဆိုပါလက်ဆေးကန်များတွင် ရေလုံလောက်စွာထားရှိပေးခြင်း၊ လက်ဆေးဆပ်ပြာ၊ လက်ဆေးရည်များ၊ တဘက်စောင်နှင့် တစ်ရှူးများ ပြည့်စုံစွာ အဆင်သင့်ထားရှိပေးပြီး ပြည်သူများက အကျိုးရှိစွာ အသုံးပြုကြကြောင်း သိရသည်။

 

ပက်ကာ (ပြန်/ဆက်)

 

3218