၁၄ ဇူလိုင်

တောင်ကိုရီးယားရဲ့ ရိုက်ကူးထုတ်လုပ်မှုစရိတ်အများဆုံးကုန်ကျတဲ့ ရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ 'Pro metheus'' ကို မကြာမီ ရိုက်ကူး သွားတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ ဟာဂျီဝန်နဲ့ ''Descendants of the Sun (DOTS)'' ဇာတ်လမ်းတွဲနဲ့ လူသိများလာတဲ့ မင်းသားဂျင်းဂိုတို့က ခေါင်းဆောင်ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲအတွက် ရိုက်ကူးရေးစရိတ်အနေနဲ့ ကိုရီးယားဝမ် ဘီလီယံ ၃ဝ အကုန်ကျခံ ရိုက်ကူးသွားမှာဖြစ်ကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြ ချက်တွေအရ သိရပါတယ်။

ဒီဇာတ်လမ်းတွဲဟာ တိုက်ခိုက်ရေးရုပ်ရှင်အမျိုးအစားဖြစ်ပြီး ဒီဇာတ်လမ်းတွဲမှာတော့ ဂျင်းဂိုက မော်စကိုမှာရှိတဲ့ မြောက်ကိုရီးယား သံရုံးအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ပါ့ခ်ဟွန်းအဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။ ပါ့ခ်ဟွန်းရဲ့ ကံကြမ္မာဟာ ရုရှားမြေမှာ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆုံးသတ်မှာတော့ တောင်ကိုရီးယားမှာ အလုပ်သမားတစ်ဦးအဖြစ် နေထိုင်သွားရတာဖြစ်ပါတယ်။

ဟာဂျီဝန်ကတော့ တကယ့်ကိုအရည်အချင်းရှိတဲ့ အရာရှိတစ်ဦးဖြစ်သူ ချာအွန်စိုးအဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ လက်ရှိနိုင်ငံရေးအခြေအနေပေါ်မှာလည်း အခြေခံထားတာဖြစ်ပါတယ်။ တောင်-မြောက် ကိုရီးယားဆွေးနွေးပွဲနဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ဆွေးနွေးမှုတွေပေါ်အခြေခံကာ ဖန်တီး ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

''Prometheus'' ကိုတော့ KBS ရုပ်သံလိုင်းမှ ယခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ တောင် ကိုရီးယားအပြင် အခြားနိုင်ငံ ငါးနိုင်ငံမှာ သွားရောက်ရိုက်ကူးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အေးပြည့်