၇ အောက်တိုဘာ
ကက်သလစ် ဘုန်းတော်ကြီးများ ရှားပါးလျော့နည်းနေသည့် အမေဇုန်ကဲ့သို့သော ဒေသများတွင် ဘုန်းတော်ကြီးအဖြစ် သိက္ခာတော်ဘွဲ့အပ်နှင်းထားသော အမျိုးသားများ လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်၍ ခွင့်ပြုသင့်၊ မပြုသင့်ကို ရိုမန်ကက်သလစ်ဘုရားကျောင်းတွင် ဆွေးနွေးခဲ့ကြသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဗာတီကန်တွင် ကျင်းပသည့် ကမ္ဘာတစ်ဝန်းမှ ဘုန်းတော်ကြီးများ တက်ရောက်သော ညီလာခံကို ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ညီလာခံတွင် ပြီးခဲ့သည့် လပိုင်းအတွင်းက တောမီးလောင်မှုနှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့သည့် အမေဇုန်နှင့် ပတ်သက်ဆက်နွယ်သည့် အရေးကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အရာရာတိုင်းကို ယခုလက်ရှိအတိုင်း ဆက်လက် ဆောင်ရွက်နေပါက ဘုရားသခင် ပေးသနားထားသော လက်ဆောင်ပဏာများသည် ပျောက်ကွယ်သွားမည် ဖြစ်သည့်အတွက် ဘုရားကျောင်းအား ပြောင်းလဲမှုနှင့် ဖွင့်လှစ်ရန် တောင်းဆိုခဲ့သည်။
အမေဇုန်ဒေသတွင် ကက်သလစ်ဘာသာဝင် အများအပြား ရှိသော်လည်း ဘုန်းတော်ကြီး မရှိသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည့်အတွက် အိမ်ရာထူထောင်ခြင်း မရှိသော အမျိုးသားများကိုသာ ဘုန်းတော်ကြီးအဖြစ် လက်ခံသည်ဆိုသော စည်းမျဉ်းကို အမေဇုန်အတွက် ပြန်လည်သုံးသပ်ရန် ပုပ်ရဟန်းမင်းကြီး အနေနှင့် အကြံပြုခဲ့သည်။
ဘုန်းတော်ကြီးများနှင့် လက်ထပ်ထိမ်းမြားခြင်းသည် မလျော်ကန်ကြောင်း ရိုမန်ကက်သလစ် ဘုရားကျောင်းက ၁၁၃၉ တွင် တရားဝင် ကြေညာခဲ့သည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်