အာလူးကို ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်လောက်က စိုက်ပျိုးကြပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ အာလူးအများဆုံးစိုက်ပျိုး တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ယူအက်စ်အေ၊ အိန္ဒိယ၊ ရုရှားနဲ့ ယူကရိန်းနိုင်ငံတွေဖြစ်ကြပါ တယ်။ အာလူးကို စိုက်ပျိုးစားသုံးတဲ့ထဲမှာ မြန်မာနိုင်ငံဟာလည်း အပါအဝင်ဖြစ်ပါတယ်။ စိုက်ပျိုးစားသုံးရုံသာမက ပြည်ပပို့ကုန်အဖြစ် စိုက်ပျိုးတင်ပို့လျက်ရှိပါတယ်။

အာလူးမှာ ဗီတာမင်စီနဲ့ အသား အရေအတွက် ကောင်းမွန်တဲ့ဓာတ်တွေ အများကြီးပါဝင်တာကြောင့် အာလူးကို စားသုံး ကုန်အဖြစ်သာမကဘဲ အလှအပဆိုင်ရာမှာပါ အသုံးပြုလာကြတာကို တွေ့မြင်ရပါတယ်။ ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည် ထိန်းသိမ်းရာမှာ အသုံးပြုနိုင်ရုံသာမက ကုန်ဆုံးသွားတဲ့ အားအင်အတွက်လည်း အာဟာရဓာတ်ပြန်လည် ဖြည့်တင်းပေးပါ တယ်။ ယခုအပတ်မှာတော့ အင်းရိုးရာ အာလူး ရှမ်းထောင်းနည်းကို တင်ပြချင်ပါတယ်။

 

159

 

ပါဝင်ပစ္စည်းများ
အာလူး - ၂၅ကျပ်သား
ကြက်သွန်ဖြူ - သုံးလုံး
ရှမ်းချဉ် - အနည်းငယ်
ကြက်သွန်ရှမ်းချဉ် - အနည်းငယ်
မြေပဲဆီ - နှစ်ဇွန်း
ငရုတ်သီးစိမ်း - အနည်းငယ်
ငရုတ်သီးအကြော် - အနည်းငယ်
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - အနည်းငယ်
ပြုလုပ်နည်း
အာလူးကို သန့်စင်အောင်ရေဆေးပြီး ဆားအနည်းငယ်ထည့်ကာ ပြုတ်ထားပါ။ တစ်ဆက်တည်း ကြက်သွန်ဖြူကို အခွံသင်ပြီး လျှင် တစ်ဝက်စီခွဲကာ တစ်ဝက်ကိုထောင်း၍ ငရုတ်သီးအကြမ်းမှုန့်နဲ့ ဆီပူပေးကာ အနည်းငယ်ကြော်ထားပါ။ အာလူးပြုတ် ထားတာ ကျက်၊ မကျက်ကြည့်ပါ။ ကျက် လောက်ပြီဆိုရင် ခဏအအေးခံထားပြီး အာလူးကို အခွံသင်ထားပါ။ ငရုတ်သီးစိမ်းကို ရေဆေးပြီး အခွံသင်ထားတဲ့ ကြက်သွန်ဖြူတို့နဲ့ ငရုတ်ဆုံထဲ ရောထည့်ထောင်းပါ။ တစ်ဆက် တည်း ဆား၊ ဟင်းခတ်မှုန့်တို့ထည့်၊ ကြက်သွန် ရှမ်းချဉ်၊ ရှမ်းချဉ်၊ အခွံသင်ထားတဲ့ အာလူး ကိုပါ သမအောင်ထည့်ထောင်းပြီး အရသာ မြည်းကာ မိမိနှစ်သက်တဲ့ အနေအထားမှာ ထားပါ။ ပြီးလျှင် မြေပဲဆီ ထမင်းစားဇွန်း နှစ်ဇွန်းထည့်ကာ သမအောင်ရောထောင်းပြီး ပြီဆိုရင်တော့ မိမိတည်ခင်းမယ့် ပန်းကန်ထဲ မှာ ပုံသွင်းပြီး အပေါ်က ငရုတ်သီးနဲ့ ကြက်သွန် ဖြူကြော်ဆမ်းကာ ရှမ်းတို့ဟူးကြော်၊ ပူစီနံ တို့နဲ့ တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

ပရိုသီး