မင်းဘူး ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မင်းလှကျင်း ရွာသူ၊ ရွာသားများသည် ရွှေစက်တော်ဘုရားသို့ နွားလှည်းတန်းဖြင့် နှစ်စဉ်နှစ်တိုင်း ဘုရားဖူးထွက်လေ့ရှိပြီး ယခုနှစ်တွင်လည်း ယခင်နှစ်များအတိုင်း ရိုးရာဓလေ့ကို ဖောကျူးသည့်အနေဖြင့် နွားလှည်းတန်းဖြင့် ရွှေစက်တော်သို့ ဘုရား ဖူးထွက်မည်ဖြစ်ကြောင်း မင်းလှကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုံးကြိုင်ထံမှ သိရသည်။
မင်းလှကျင်း ကျေးရွာသည် အိမ်ခြေ ၄၃၀ ကျော်ရှိပြီး ရွှေစက်တော်ဘုရားနှင့် ၁၃ မိုင်ကွာဝေးကာ နွားလှည်း မရှိသူများမှအပ ကျန် အိမ်ထောင်စုဝင်များအားလုံး ညီညီညွတ်ညွတ်ဖြင့် ဘုရားဖူးထွက်ကြသည့် ဓလေ့ရှိသည်။ နှစ်စဉ်မပျက် ဘုရားဖူးထွက်လေ့ရှိကြပြီး ခုနစ်ရက်တိုင် အောက်သောင်ပြင်ရေဆိပ်တွင် စခန်းချ ဖူးမြော်လေ့ ရှိကြကြောင်း မင်းလှကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုံးကြိုင်က ပြောပြသည်။
မင်းလှကျင်းကျေရွာသည် မင်းဘူး(စကု)မြို့နယ်တွင် တည်ရှိပြီး ဘိုးဘေးဘီဘင် လက်ထက်မှ ယနေ့ မျက်မှောက်ခေတ်ကာလအထိ ရှေးရိုး စဉ်လာမပျက် နွားလှည်းတန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ဘုရားဖူးခဲ့ကြသည့် တစ်ခုတည်းသော ကျေးရွာဖြစ်သကဲ့သို့ ယခုနှစ်တွင်လည်း ရိုးရာဓလေ့ကို ဖော်ကျူးသည့်အနေဖြင့် နွားလှည်းတန်းဖြင့် ရွှေစက်တော်ဘုရားသို့ ဘုရားဖူးထွက်ဦးမည် ဖြစ်ကြောင်းလည်း သိရသည်။
ဇေယျာထက်(မင်းဘူး)