ပခုက္ကူ ၂၁ ဖေဖော်ဝါရီ
မြန်မာ့ရိုးရာမြေအိုးလုပ်ငန်းကို ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ သက်ရွာတွင် အစဉ်အလာမပျက်ထိန်းသိမ်းလုပ်ကိုင်လျက်ရှိသည်။
သဲရေအိုး(ခေါ်)သောက်ရေအိုးကို တစ်လုံးချင်းဝယ်ပါက (၂၅၀ဝ)ကျပ်နှင့် ဖောက်သည်(လက်ကား)ဝယ်ပါက (၁၈၀ဝ) ကျပ်ဖြင့် ရောင်းချကြောင်း၊ သောက်သုံးရေအိုးမှာ နှစ်စဉ်ဝယ်လိုအား မကျသော်လည်း ထန်းတက်လုပ်ငန်း နည်းပါးလာသည့် အတွက် ထန်းမြူအိုးမှာ အရောင်းအဝယ် လျော့နည်းလာကြောင်း သက်ရွာမှ မြေအိုးလုပ်ငန်းလုပ်ကိုင်သူ မရီဝင်းက ပြောသည်။
မြေအိုးများ မီးဖုတ်ရာတွင် ထင်းအသုံးမပြုဘဲ ထန်းနို့၊ ထန်းသီးဆန်ခြောက်၊ ကောက်ရိုးနှင့်နွားချေးတို့ကို အသုံးပြုကြောင်းသိရသည်။
ကိုဇော်(ဓာတု)


