ကျောက်ဆည်  ၂၇  ဇန်နဝါရီ

 

ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမားရး ဦးစီးဌာနမှ အများပြည်သူများသို့ ပုံမှန်ကာကွယ်ဆေး တိုက်ခြင်း၊ ကာကွယ်ဆေးများ ထိုးပေးရာတွင် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးများပါ တစ်ပါတည်း ထည့်သွင်း တိုက်ကျွေးပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

8520

 

ထိုသို့ ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးများ ပူးတွဲတိုက်ကျွေးမည့် အစီအစဉ်များနှင့် ပတ်သတ်၍ ဇန်နဝါရီ (၂၆)ရက် နံနက်(၁၀)နာရီက အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီးအစည်းအဝေးခန်းမတွင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်အောင်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ပုံမှန်ကာကွယ်ဆေး (၁၁)မျိုးကို အသက် (၅)နှစ်အောက် ကလေးများအား ကူးစက်ရောဂါကြောင့် ဖြစ်ပွားသေဆုံးမှု မရှိစေရေး ကာကွယ်ပေးနေရာမှ ယခု(၂၀၂၀)ခုနှစ်တွင် ကာကွယ်ဆေးအသစ်(၂)ဖြစ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါ ကာကွယ်ဆေး (ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး)နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးများကို ထည့်သွင်းတိုက်ကျွေး ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေကြသော အသက်(၅)နှစ်အောက် ကလေးများတွင် ရိုတာဗိုင်းရပ်စ်ပိုး တွေ့ရှိနှုန်းမှာ မြင့်မားနေတာကို တွေ့ရှိရပါကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အဆိုပါ ရိုတာကာကွယ်ဆေးကို (၂၀၂၀) ဖေဖော်ဝါရီလမှ စတင်၍ နိုင်ငံတော်အစိုးရမှ ဦးဆောင်ပြီး တစ်နိုင်ငံလုံးတွင် ထည့်သွင်းတိုက်ကျွေးသွားမည် ဖြစ်ပါကြောင်း၊ထို့ကြောင့် ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် အထူးဂရုပြုကြိုးစားဆောင်ရွက်သွားကြစေရေး ရှင်းလင်းပြောကြားခဲ့သည်။

 

85203

 

ထို့နောက် ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်တင့်က ကာကွယ်ဆေးအသစ်များ ထည့်သွင်း တိုက်ကျွေးသွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုးလင်းထူးက ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ထိုးပေးခြင်းများကို ဒေသအလိုက် စုရပ်များရှိ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရေန်နှင့် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးသစ်များကို တစ်ပါတည်း တိုက်ကျွေးခြင်းများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

သက်မောင် (ကျောက်ဆည်)