ကျောင်းကုန်း  ၂၄  ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့်ဆုံဆို့-မေးခိုင် ပါဝင်သော ကာကွယ်ဆေး(Penta-4)တို့ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန် ပြည်သူ့ဆေးရုံရှိ ဒေါ်သန်းတင်ခန်းမတွင် ကျင်းပခဲ့သည်။

 

2563

 

ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့အတွင်း မွေးဖွားသောကလေးများ ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပထမ အကြိမ်အဖြစ် စတင်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း၊ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် (၂)လ၊ (၄)လအရွယ်များကို ဆက်လက်၍ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း၊  ဗိုင်းရပ်(စ်)ဟာ ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားစေတဲ့ အဓိကပိုးဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

236

 

ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးကို နိုင်ငံတော်အစိုးရနှင့် Global  Alliance for  Vaccine and  Immunization (G A V I)တို့က ပံ့ပိုးဆောင်ရွက်ထားကြောင်း၊ကာကွယ်ဆေးကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါကို အသက်(၁)နှစ်အောက် ကလေးများအား ၆၅ ရာခိုင်နှုန်း အထိဖြစ်ပွားမှု လျှော့ချ နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။

 

ဆက်လက်၍ ကျန်းမာရေးမှူး အဆင့်(၁) စောစေးထယ်ဝင်း က အာစင်းနစ်ကင်းစင်သော ရေသန့် ရရှိစေရန် လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။

 

520

 

အခမ်းအနားသို့ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျန်းမာရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှာ တစ်ရက်သာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)