မြောင်းမြ ဧပြီ ၂၀

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူများက အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ် ပြုလုပ်ဆောင်ရွက်ပေး​ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ချောင်းလေးကျေးရွာ၌ ပြုလုပ်ပေးသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန္ဒာအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်၊ မြောင်းမြမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးသည်။

 

ထို့နောက် မြောင်းမြမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်ထွန်း ဦးဆောင်၍ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူ၍ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ခြင်းများကို လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)