၃၀ နိုဝင်ဘာ
နိုင်ငံတကာက အသိအမှတ်လေးစားရသော ရက်ဂေးတေးဂီတပညာရှင် ဘော့မာလေး တို့လို ပုဂ္ဂိုလ်မျိုးတွေကို ကျေးဇူးတင်ရမယ့် ရက်ဂေးတေးဂီတကို ယူနက်စကို (UNESCO) ကနေ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ဒီကနေ့(ကြာသပတေးနေ့) မှာ စာရင်းသွင်းလိုက်ပြီဖြစ်ပါတယ်။
ဂျာမေကာနိုင်ငံမှာ အခြေတည်ခဲ့တဲ့ ရက်ဂေးတေးဂီတဟာ နိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ တရားမျှတမှုမရှိခြင်း၊ တော်လှန်ခြင်း၊ အချစ် နဲ့ လူသားဆန်မှုတွေကို ဖော်ထုတ်ထားတာမျိုး၊ လူမှု-နိုင်ငံရေး ဆက်ဆက်တာတွေဖွဲ့ဆိုခြင်းမျိုးတွေကို တွေ့ရှိရပါတယ်လို့ ယူနက်စကို (UNESCO) က ပြောပါတယ်။
ရက်ဂေးတေးဂီတ ပေါ်ပေါက်ချိန်က ၁၉၆၀ နှောင်းပိုင်းကဖြစ်ပါတယ်။ အဲဒီအချိန်က ကမ္ဘာတဝှမ်းမှာ အမေရိကန် ဂျက်စ် နဲ့ ဘလူးတေးဂီတ လွှမ်းမိုးထားရာ ကနေ ရက်ဂေးတေးဂီတ က ပရိတ်သတ်ကို စွဲယူနိုင်တာမျိုး ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျာမေကာနိုင်ငံကနေ ရွှေ့ပြောင်းသူတွေ ရှိရာ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေမှာ ရက်ဂေးတေးဂီတ က အလျင်အမြန်ဘဲ ရေပန်းစားခဲ့ပါတယ်။ရက်ဂေးတေးဂီတအများစုဟာ လူမှု-နိုင်ငံရေးပြဿနာတွေ၊ ထောင်တွင်းအကျဉ်းချခံရခြင်း နှင့် မညီမျှတွေကို ရေးသားထားတဲ့ တေးသွားတွေဖြစ်ပါတယ်။
၁၉၆၈ နှစ်က ထွက်ရှိခဲ့တဲ့ မာလေးတို့အဖွဲ့ရဲ့ "No Woman, No Cry" နှင့် "Stir It Up" တေးသီချင်းတွေက ဂန္ဓဝင်တေးသီချင်းအဖြစ် ရောက်ရှိခဲ့ပါတယ်။ ရက်ဂေး တေးဂီတကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ပါဝင်လာတဲ့အပေါ် ကရစ်ဘီယံကျွန်းနိုင်ငံရဲ့ ယဉ်ကျေးမှုဝန်ကြီးက “ ရက်ဂေးဟာ ဂျာမေကာရဲ့ သီးခြားပိုင်ဆိုင်မှုဖြစ်တယ်။ အဲဒီတေးဂီတက ကမ္ဘာ့နေရာအနှံ့အပြားကို ထိုးဖောက်သွားကို သူတို့တီထွင်နိုင်လိုက်တယ်”လို့ ဂုဏ်ယူဝံ့ကြွားစွာ ပြောကြားပါတယ်။
MDN
ကိုးကား- AFP