နေပြည်တော် စက်တင်ဘာ ၂၇

 

ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား ၁၄ ဒသမ ၇၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

Description: Description: \\MAINPC\Main(2)\2024 DATA\10. Daily Significant Case (2024)\01. January\23-1-2024 ATS 20 Lakhs, Ice 23 kg & Opium  75 kg (Su-30)\Photos\Mail Photos\viber_image_2024-01-23_20-47-42-117.jpg တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၃ ရက် နံနက် ၄ နာရီတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရခိုင်ကမ်းရိုးတန်းတွင် ကမ်းရိုးတန်းသွား စက်လှေပေါ်ပါ မြလွင်၊ မင်းမင်းစိုး၊ သန့်ဇင်နိုင်နှင့် နိုင်လင်းထွန်းတို့ ၄ ဦးကို ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၇၈ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီတွင် ဖမ်းဆီးရမိစိတ်ကြွဆေးပြားများကို ရန်ကုန်မှ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်သို့ ပို့ဆောင်ခိုင်းသူ ဇော်မင်းဦး(ခ)ကိုဇော်နှင့် ပြည့်ဖြိုးမောင်တို့ကို ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တို ဆိပ်ကမ်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့သည် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့သယ်ဆောင်ပြီး ရခိုင်ပြည်နယ်သို့ ရေကြောင်းဖြင့် သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်