စစ်တွေ  ၂၀  မတ် 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးမှ ဦးစီးမှူး ဦးကျော်လွင်နှင့် တာဝန်ရှိသူများသည် မတ်လ ၁၉ နေ့လည်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ် အတွင်းရှိကျေးရွာများတွင် ပြောင်းရွှေ့ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင် ပြည်သူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ပေး ခဲ့ကြကြောင်း သိရသည်။

တိုက်ပွဲရှောင်ပြည်သူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သီပိန္နဲတောကျေးရွာမှ အိမ်ထောင်စု ၁၇ စု၊ လူဦးရေ ၆၄ ဦး၊ ကျွဲလမ်းချောင်းကျေးရွာမှ အိမ်ထောင်စု ၆၀ စု၊ လူဦးရေ ၂၅၇ ဦး၊  လက်ဝဲမြန်ကျေးရွာမှ အိမ်ထောင်စု ၂၀ စု၊ လူဦးရေ ၉၆ ဦး၊ ငပြောက်ဆည်ကျေးရွာမှ အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ၆၂ ဦး၊ ယိုးတရုတ်ကျေးရွာမှ အိမ်ထောင်စု ၇ စု၊ လူဦးရေ ၃၈ ဦး၊ ဘဲခိုးကျေးရွာမှ အိမ်ထောင်စု ၁၇ စု၊ လူဦးရေ ၆၅ ဦးတို့ ဖြစ်ကြသည်။

 

mdn

 

အဆိုပါ ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ အိမ်ထောင်စု ၁၅၃ စု လူဦးရေ ၅၈၂ ဦးတို့ကို ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးဖြစ်သည့် ကျားလုံချည် ၁၃၅ ထည်၊ မလုံချည် ၁၃၅ ထည်၊ စောင် ၂၇၀ ထည်၊ တီချပ် ၂၇၀ ထည်နှင့် ပလပ်စတိတ်ဖျာ ၁၃၅ ထည်နှင့် ဆန်ရိက္ခာ တစ်လစာအတွက် ထောက်ပံ့တန်ဖိုးငွေ ၅၂၃၈၀ဝ၀ ကျပ်တို့ကို တိုက်ပွဲရှောင်စခန်းများသို့သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

 

mdn