စစ်တွေ ဇူလိုင် ၂၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တပ်မတော်ဆေးဘက်ဆိုင်ရာသူနာပြုတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ အဖွဲ့စည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူလူထုများပူးပေါင်း၍ လူနာအခြေပြု ရပ်ကွက်နှင့် အခြေခံပညာကျောင်း(၁၅) ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ကြသည်။

တပ်မတော်ဆေးဘက်ဆိုင်ရာ သူနာပြုတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် အခြေခံပညာမူလတန်းကျောင်း၊ မင်းဂံ အကွက် (၁၁)၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း  မင်းဂံ၊ အခြေခံပညာ မူလတန်းကျောင်း မှန်စီ၊ အခြေခံပညာမူလတန်းကျောင်း မင်းဂံ အကွက်(၁၄)၊ အခြေခံပညာမူလတန်း ကျောင်း လမ်းမတော်တောင်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်း ကျောင်း ရွှေပြား၊ အခြေခံပညာမူလတန်းကျောင်း တရားသီးစု၊ အခြေခံပညာအလယ်တန်းကျောင်း ဆင်ကူးလမ်း၊ အမှတ်(၁၅) အခြေခံပညာမူလတန်းလွန်ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ရေတပ်၊ အခြေခံပညာမူလတန်းကျောင်း ဘိုးသာနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း များတို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင်  တပ်မတော်ဆေးဘက်ဆိုင်ရာမှ ပညာရှင်များနှင့် ကျန်းမာရေးဝန် ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ လူမှုရေးအဖွဲ့အစည်းများပါဝင်သည့် အဖွဲ့သည် စစ်တွေမြို့နယ်အတွင်း စာသင်ကျောင်းရှိ စာသင်ခန်း များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် သက်ကြီးခြင်ကောင် နှိမ်နင်းခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ (ဖုံး၊သွန်၊လဲ၊စစ်) လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေကန်၊ အုတ်ကန် များတွင် ပိုးလောက်လန်းသေဆေး (အဘိတ်) ခတ်ခြင်းနှင့် ဆရာ၊ ဆရာမများအား ကျန်းမာရေး ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)