နေပြည်တော်  ဇွန်  ၁၀

 

ဆိုင်ကလုန်းမုန်တိုင်းမိုခါ   တိုက်ခတ်မှု ကြောင့်  ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ သည့်  စစ်တွေမြို့ရှိ    မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏  စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊  နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက  ယနေ့တွင်လည်း စစ်တွေမြို့ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ အသား၊  ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊    ဟင်းသီးဟင်းရွက်များ၊   ကြက်သွန်နီ၊   ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများနှင့်  မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် စည်သွတ်ဘူးများဖြစ်သည့် အမဲသားဘူး၊ မျှစ်စားတော်ပဲဘူး၊ ကြက်သားအာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊   ငါးပိကြော်ဘူး၊   ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီး သနပ်ဘူး စသည့် စားသောက်ကုန်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ စားကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့်  အိမ်ဆောက်ပစ္စည်းများကို ပြင်ပ ပေါက်ဈေးထက်  သက်သာသော ဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက တစ်ခဲနက် ဝယ်ယူအားပေးကြသည်။

 

ယခုကဲ့သို့      စားရေးအခက်အခဲ ဖြစ်ပေါ်နေချိန်တွင်     သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် တာဝန်ရှိ သူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်