ဂွ ဇူလိုင် ၁၇

 

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသန်းထွန်းနှင့် အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း တို့သည် ဂွမြို့သို့ ဇူလိုင် ၁၆ ရက် ညနေ ၄ နာရီခန့်တွင် ရောက်ရှိခဲ့ပြီး  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၃၀၀) ဖြင့် (၂၂၀ ပေ၊ ၈၀ ပေ) RCC မြို့နယ်ခန်းမဆောင် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်၊၊

 

ထို့နောက် ဂွမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော လူနာများ၏ အခြေအနေနှင့် လိုအပ်ချက်များ၊ Oxygen ရရှိမှု အခြေအနေနှင့် Quarantine Centre ထားရှိမှုဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းမှာကြားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်ကျော်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကောင်းစံမြတ်တို့မှ လိုအပ်ချက်များအား ပြန်လည်ဖြည့်စွက် တင်ပြကြပြီး မြို့နယ်ဆေးရုံနှင့် Quarantine Centre များတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် အဖွဲ့ဝင် ဦးသန်းထွန်းနှင့် အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့မှ ကြက်ဥ၊ Ovaltine နှင့် မုန့်ခြောက်များအားလည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၅) သိန်းအားလည်းကောင်း ပေးအပ်ခဲ့ရာ မြို့နယ်ဆရာဝန်ကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသန်းထွန်းနှင့် အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း တို့သည် တံတားတည်ဆောက်ရေး(၂) တံတားအထူးအဖွဲ့(၈)မှ တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ဂွ-မကျေးငူချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တံတားတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနတာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်း