ဂွ ဇူလိုင် ၁၇
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသန်းထွန်းနှင့် အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း တို့သည် ယနေ့နံနက်ပိုင်းတွင် စည်ပင်ကျေးရွာရှိ ကိုဗစ်-၁၉ Treatment Centre (2) သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်များကိုမှာကြားကာ လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် ကင်းရုံး လူငယ်ပရဟိတအဖွဲ့နှင့် ထာဝရမေတ္တာ လူမှုကူညီရေးအဖွဲ့အား လိုအပ်သည့်နေရာများတွင် သုံးစွဲရန် အလှူငွေကျပ် (၅)သိန်း လှူဒါန်းခဲ့သည်။
ဆက်လက်၍ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် အတွင်းရေးမှူးတို့သည် ကမ်းသာယာသို့ရောက်ရှိပြီး ကင်းပုံကျေးရွာရှိ ရွှေဘုံသာမရှိခဏဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးတော်မူသော ဆရာတော် ဦးနန္ဒသာရအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်း


