စစ်တွေ ၇ ဖေဖော်ဝါရီ

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့် ဌာနဆိုင်များ တွေ့ဆုံမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးက လတ်တလော အခြေအနေများ၊ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်စီဥက္ကဋ္ဌနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကား ပြောကြားသည်။

 

ယင်းနောက် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် မိတ်ဆက်ပေးကြသည်။ ထို့နောက် ရခိုင်ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်းက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည်ဟု ယုံကြည်ကာ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစားဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၊ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများအားလုံးကလည်း ယုံယုံကြည်ကြည်ဖြင့် ဝိုင်းဝန်းလက်တွဲကာ ပူးပေါင်းဆောင်ရွက်သွားကြမည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)