ရန်ကုန် ၁၁ မတ်

 

ရခိုင်ပြည်နယ် ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေး ဂေါပကအဖွဲ့(ရန်ကုန်)က ကြီးမှူးကျင်းပသည့် (၃၃)ကြိမ်မြောက် ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်အနီးရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ကျင်းပသည်။

 

adfer

 

အခမ်းအနားတွင်         အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ စေတျာရာမ ဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသူရိယဓဇထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံမှ မေတ္တသုတ်နှင့် ပရိတ်တရားတော်များကို နာယူကြသည်။

 

ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော် ၂၅ ပါးကို ဓမ္မာရုံဂေါပကအဖွဲ့ ဦးဆောင်နာယကများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ် ငါးဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

 

ထို့နောက် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ အလိုတော်ပြည့် ဓမ္မာစရိယ တက္ကသိုလ် နာယကချုပ်ဆရာတော်ထံမှ ပရိသတ်တို့က ရေစက်ချအနုမောဒနာ တရားနာယူကြသည်။

 

သတင်း- ရီရီမြင့်၊ ဓာတ်ပုံ- ဇော်မင်းလတ်