ဂွ ဇူလိုင် ၂

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ငွေများအား ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် တာဝန်ရှိသူများက မြို့ပေါ်(၃)ရပ်ကွက်အတွင်းရှိ ဘိုးဘွားများအား တစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၃)သောင်းကျပ်စီအား လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ပြီး ဂွမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား ၅၅၈ ဦးအတွက် တစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေ (၃ သောင်း) ကျပ်နှုန်းဖြင့် ငွေကျပ် ၁၆၇၄၀၀၀၀ အား ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများကလည်း မိမိတို့ ရပ်ကွက်/ကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရွှေရည်ဝင်းကျော်