စစ်တွေ ၂၂   ဧပြီ

 

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကမ္ဘောဇဘဏ်လီမီတက်မှ ဆန်အိတ် ၁၀ဝ၀ ကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ လာရောက်လှူဒါန်းသည်။

 

ကမ္ဘောဇဘဏ်လီမီတက်မှ လှူဒါန်းသော ဆန်အိတ်များကို စစ်တွေကမ္ဘောဇဘဏ်ခွဲမန်နေဂျာနှင့် ဝန်ထမ်းများမှလှူဒါန်းရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီပွားရေးဝန်ကြီး ဦးကျော်အေးသိန်းတို့က လက်ခံကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြသည်။

 

ကမ္ဘောဇဘဏ်အနေဖြင့် မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများသို့ ဆန်အိတ် ၃၀ဝ၀ စီကို လည်းကောင်း၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ အပါအဝင် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဆန်အိတ် ၁၀ဝ၀ စီကိုလည်းကောင်း၊ စုစုပေါင်း ကျပ်သိန်း ပေါင်း ၆၀ဝ၀ ကျော်တန်ဖိုးရှိ ဆန်အိတ်ပေါင်း ၂၁၀ဝ၀ တို့အား အခြေခံလူတန်းစားပြည်သူများအတွက် သက်ဆိုင် ရာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပေးပို့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)