မောင်တော၊ ၁၁ ဒီဇင်ဘာ
ရခိုင်ပြည်နယ် မောင်တောခရိုင်၌ ကျေးရွာများအနက် ကျေးရွာ(၄)ရွာအား မဟာဓာတ်အားလိုင်းမှ တစ်ဆင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းကို ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းမှစတင်၍ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးနေပြီး ဖြစ်ကြောင်း မောင်တောခရိုင် လျှပ်စစ် အင်ဂျင်နီယာ ဦးဟိန်းမိုးထက် ထံမှသိရသည်။
မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ် အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက် ခဲ့သော ရွှေဇားကျေးရွာရှိ 200KVA ထရန်စမော်မာ(၂)လုံး၊ ရွှေဇား ဟိန္ဒူကျေးရွာရှိ 100KVA ထရန်စဖော်မာ(၁) လုံး၊ ကိုင်းကြီး(မြို) ကျေးရွာရှိ 100KVA ထရန်စဖော်မာ(၂)လုံး၊ မီးသုံးသူ အိမ်ထောင်စု(၃၁၀)စု နှင့် အလားတူ မောင်တော ခရိုင် ဘူးသီးတောင်မြို့နယ် အတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ် အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ဖုံညို လိပ်ကျေးရွာရှိ 200KVA ထရန်စမော်မာ(၁)လုံး မီးသုံးသူ အိမ်ထောင်စု(၃၁)စုရှိ နေအိမ်များတွင် မီတာများ တပ်ဆင် ပြီးစီးသဖြင့် လျှပ်စစ်ဓာတ်အား မပို့လွှတ်မီ ခရိုင် လျှပ်စစ် အင်ဂျင်နီယာ ဦးဟိန်းမိုးထက် တာဝန်ရှိသူများက အဆိုပါ ကျေးရွာများသို့ သွားရောက်၍ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ထရန်စဖော်မာများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာများအား မဟာဓာတ်အားလိုင်း စတင်ဖြန့်ဖြူး ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင် (ပြန်/ဆက်)


